Home » Activities Plan

Activities Plan

သင်ကြားရေးအစီအစဉ်

နည်းပညာတက္ကသိုလ်(ပုသိမ်)တွင် သင်ကြားပို့ချလျက်ရှိသော အဓိကအင်ဂျင်နီယာသင်တန်း များမှာ

(က)     မြို့ပြအင်ဂျင်နီယာသင်တန်း(Civil Engineering)

(ခ)       စက်မှုအင်ဂျင်နီယာသင်တန်း(Mechanical Engineering)

(ဂ)       လျှပ်စစ်စွမ်းအားအင်ဂျင်နီယာသင်တန်း(Electrical Power Engineering)

(ဃ)     အီလက်ထရောနစ်အင်ဂျင်နီယာသင်တန်း(Electronic Engineering)

(င)       စက်မှုအီလက်ထရောနစ်အင်ဂျင်နီယာသင်တန်း (Mechatronic Engineering)

(စ)       သုတနည်းပညာအင်ဂျင်နီယာသင်တန်း (Information Technology Engineering)

 

ပညာသင်နှစ်တစ်နှစ်စာကျင်းပမည့်အစီအစဉ်များ

 

ပညာသင်နှစ်တစ်နှစ်တွင် ဖော်ပြပါ Activities များကိုပြုလုပ်မည်ဖြစ်ပါသည်။

  • စီနီယာကျောင်းသား/ ကျောင်းသူများမှ မောင်မယ်သစ်လွင် ကျောင်းသား/ကျောင်းသူများကို ကြိုဆိုပွဲပြုလုပ်ပေးခြင်း။
  • အခြေခံရှေးဦးသူနာပြုစုခြင်းသင်တန်းဖွင့်လှစ်ပေးခြင်း။
  • လွတ်လပ်ရေးနေ့အထိမ်းအမှတ်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားစိတ်ဓါတ်ရှင်သန် ထက်မြက်ရေးအတွက် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲများ၊ အင်္ဂလိပ်စာကျပန်းစကားပြောပြိုင်ပွဲနှင့် Essay ပြိုင်ပွဲများ ကျင်းပခြင်း။
  • အားကစားပြိုင်ပွဲများကျင်းပခြင်း။
  •  သွေးလှူ ဒါန်းပွဲများကျင်းပခြင်း။
  • စာပေဟောပြောပွဲများ ကျင်းပခြင်း။
  • ဝါဆိုသင်္ကန်းများ ကပ်လှူ ပူဇော်ပွဲကျင်းပခြင်း။

ဖွဲ့စည်းထားရှိသည့်အသင်းအဖွဲ့များစာရင်း

နည်းပညာတက္ကသိုလ်(ပုသိမ်)တွင် အောက်ဖော်ပြပါအသင်းအဖွဲ့များအား ဖွဲ့စည်းထား ရှိပါသည်။

  •  ဗုဒ္ဓဘာသာအသင်း
  • သွေးလှူ ရှင်အသင်း
  • ကြက်ခြေနီအသင်း
  • ပရဟိတ အသင်းများ